အဲဒါကြောင့် လက်မှာ Super glue ကော် ကပ်သွားရင် အလွယ်တကူပြောင်စင်သွားစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ရေနွေးထဲမှာ လက်ကို စိမ်လိုက်ပါ။
ကော်က လက်မှာ မခြောက်သွားသေးဘူးဆိုရင် ရေနွေးထဲမှာ လက်ကို ထည့်ပြီး စိမ်လိုက်ပါ။ ရေနွေးထဲမှာ ဆပ်ပြာရည်အနည်းငယ်ထည့်လို့လည်း ရပါတယ်။ ကော်က ပျော့လာတဲ့အခါမှာ အလိုက်သင့်လေး ခွာလိုက်လို့ရပါပြီ။
၂။ ဆား
ဆားနဲ့ ရေကို ပျစ်လာတဲ့အထိ မွှေလိုက်ပါ။ ပြီးနောက် လက်က ကော်တွေ ကပ်နေတဲ့နေရာမှာ ပွတ်တိုက်ပေးပါ။ ဆားက ကော်တွေကို ပြောင်စင်စေပါတယ်။
၃။ သံပုရာရည်
သံပုရာရည်အနည်းငယ်ကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ပါ။ သံပုရာရည်ထဲကို ကော်တွေ ကပ်နေတဲ့လက်ကို ၁၀ မိနစ်ကြာ ထည့်စိမ်ထားလိုက်ပါ။ အဲဒီနောက် သွားတိုက်တံလေးနဲ့ ကော်တွေကပ်နေတဲ့နေရာကို ပွတ်တိုက်ပေးပါ။
ကော်တွေ တဖြည်းဖြည်းနဲ့ ကွာလာပြီးနောက် ရေဆေးချလိုက်လို့ရပါပြီ။ ပြီးနောက် လက်ကို အစိုဓာတ်ဖြည့်ခရင်မ်တစ်ခုခု လိမ်းပေးပါ။
၄။ အုန်းဆီနဲ့ မုန့်ဖုတ်ဆော်ဒါ
၅။ သံလွင်ဆီ
လက်မှာ ကော်တွေကပ်နေတဲ့အခါ သံလွင်ဆီထဲကို မိနစ် ၂၀ကြာ ထည့်စိမ်လိုက်ပါ။ ပြီးနောက် ကော်တွေကို ဖြည်းဖြည်းလေး ခွာလို့ရပါပြီ။၆။ အဝတ်လျှော်ဆပ်ပြာ
အဝတ်လျှော်ဆပ်ပြာအနည်းငယ်နဲ့ ရေနွေးကို ရောပြီး လက်မှာ စက္ကန့် ၂၀ကြာအောင် ပွတ်တိုက်ပေးပါ။ ကော်တွေက ဖြည်းဖြည်းချင်း ကွာကျလာပါတယ်။၇။ လက်သည်းဖျက်ဆေး
Bonus
- အသုံးပြုမယ့်ကော်က နည်းနည်းလေးပဲ ဖြစ်နေရင်တောင် လက်အိတ်ကို ဝတ်ပြီးတော့မှသာ အသုံးပြုပါ။
- Super glue ကော်ကို အသုံးမပြုခင်မှာ လက်ကို ခရင်မ်တစ်မျိုးမျိုးလိမ်းပေးပါ။
- လက်မှာ မုန့်ဖုတ်ဆော်ဒါကို အနည်းငယ်ဖြူးပြီးမှ ကော်ကို အသုံးပြုရင် ကော်ကပ်နေရင်တောင် ခွာရတာ လွယ်ကူပါတယ်။
- Super glue ကော်ကို ဖွင့်လိုက်ပြီး ပိုနေတာတွေကို ရေခဲသေတ္တာထဲမှာ သိမ်းထားရင် နှစ်ပေါင်းများစွာ ကြာရှည်အထားခံပါတယ်။








0 Comments